Breaking News >> News >> Democratic Voice of Burma


ဆောင်းဦးလှိုင်နှင့် ဒေါ်ဖြူဖြူသင်းအပါအဝင် ၅ ဦးကို နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း စစ်ကောင်စီ ကြေညာ


Link [2022-03-08 04:53:16]



အဆိုတော် ဆောင်းဦးလှိုင်နဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအဝင် နောက်ထပ်  ၅ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီပြန်ကြားရေးက ဒီကနေ့ မတ်လ ၇ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။  နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာခံရသူတွေကတော့ အဆိုတော် ဆောင်းဦးလှိုင်၊  တက်ကြွလှုပ်ရှားသူ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေး ၊ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ  ဦးမောင်မောင်(ခ) ပြည်သစ်ညွှန့်ဝေနဲ့  အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  CRPH ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းတို့ပဲ ဖြစ်ပါတယ်။  သူတို့ဟာ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ကာ ပြည်ပနိုင်ငံတွေကို တရားမဝင် ထွက်ခွာသွားသူတွေအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်တွေ့ရှိရတာကြောင့် အခုလို ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ  ကြေညာချက်မှာ ဖော်ပြပါတယ်။ […]

Most Read

2024-09-22 07:30:31