Breaking News >> News >> Democratic Voice of Burma


မိုးဗြဲအခြေစိုက် ခမရ ၄၂၂ က လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်


Link [2022-03-08 04:53:16]



ရှမ်း- ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ဧရိယာမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် ၄၂၂ ခြေမြန် တပ်ရင်းကနေ ဒီကနေ့  မွန်းလွဲပိုင်းမှာ မိုးဗြဲမြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “၄၂၂ တပ်ကနေ့ မြို့ထဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ‌မြို့ခံတွေ ထိတ်လန့်နေကြတယ်။ ဘာကြောင့်ပစ်လဲတော့ ကျနော်တို့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ မိုးဗြဲမြို့ လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ဒုန်းဒူထန်ကျေးရွာနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာနိုင်ဖို့ ရှိတယ်လို့ သတင်းရထားကြောင်း PDF (မိုးဗြဲ)က ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် မိုးဗြဲမြို့က ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အသွားအလာပြုလုပ်တာတွေ မလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ […]

Most Read

2024-09-22 07:58:31