Breaking News >> News >> Democratic Voice of Burma


ယူကရိန်း ဗင်နစ်စီယာက လေဆိပ်ကို ရုရှား ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီး


Link [2022-03-07 17:13:58]



ယူကရိန်း အနောက်အလယ်ပိုင်းရဲ့ မြို့တော် ဗင်နစ်စီယာက အရပ်ဘက် လေဆိပ်ကို မတ် ၆ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက ပြောပါတယ်။ ဒုံးကျည်ထိလို့ မီးလောင်နေတဲ့လေဆိပ်ကို မီးငြှိမ်းဖို့ အရေးပေါ်ဌာနက ကြိုးစားနေတယ်လို့ အစောပိုင်းမှာ အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တာ ၁၁ ရက်မြောက်နေ့မှာ ရုရှားတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး ပင်လယ်နက်ဆိပ်ကမ်းမြို့ ဩဒက်ဆာကို ဗုံးကြဲဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတက ဆက်ပြောပါတယ်။ ရုရှားပြည်သူတွေ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်မှုတွေရဲ့ဘေးကနေလွတ်ဖို့ ဒါမှမဟုတ် ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်တာကို ဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ဆန္ဒပြကြဖို့ကိုလည်း ဇေလန်စကီက ရုရှားပြည်သူတွေကို တိုက်ရိုက်မေတ္တာရပ်ခံလိုက်ပါတယ်။ “ရုရှားဟာ ခုတော့ မသေချာဘဲ အထီးကျန်တဲ့ […]

Most Read

2024-09-22 07:58:47