Breaking News >> News >> Democratic Voice of Burma


မိုးညှင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်


Link [2022-03-07 17:13:58]



ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မတ် ၇ ရက်မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ  မိုးညှင်းမြို့ နဲ့  နန်းမားမြို့ကြား ကွင်းကြီးကျေးရွာအနီး  ကြားဖြတ်တိုက်ခိုက်ခံရအပြီးမှာ နှစ်ဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။  “မနက် ၇ နာရီလောက် မိုးညှင်းဘက်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်တာ။ ကွင်းကြီးကျေးရွာနားမှာဖြစ်တာ။ ခုချိန်ထိ လက်နက်ကြီး လက်နက်ငယ် အသံတွေ ကြားနေရတယ်။ တိုက်ပွဲကတော့ အတော်ပြင်းထန်တယ်” လို့ ဒေသခံတစ်ဦးက ပြော ပါတယ်။ နန်းမားအခြေစိုက် စစ်ကောင်စီအမြောက်တပ်က တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး ပစ်ကူပေးနေကာ  တိုက်ပွဲပြင်းထန်နေတဲ့အတွက် နှစ်ဘက် အထိအခိုက်အကျအဆုံးကိုတော့ တိတိ […]

Most Read

2024-09-22 07:51:34