Breaking News >> News >> Democratic Voice of Burma


မိတ္ထီလာတွင့် ရဲတပ်သားတဦး သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်


Link [2022-03-07 17:13:58]



မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှာ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မြတ်နိုးသူ တိုးဂိတ်မှာ မတ် ၆ ရက်က လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သားတဦး တိုးဂိတ်အိမ်သာထဲမှာ သေနတ်နဲ့ သတ်သေမှုဖြစ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီဂိတ်မှာက စစ်သားရော၊ ရဲရော လုံခြုံရေး တာဝန်ယူထားကြတယ်။ သူ ကိုင်တဲ့ သေနတ်နဲ့ပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားတာ ကျည်ဆန်က မေးစေ့အောက်ကနေ ခေါင်းကို ဖောက်ထွက်သွား တာ။ နေရာတင် သေဆုံးတယ်။ ဘာကြောင့် သတ်သေသွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ ရဲတပ်သားအဆင့်နဲ့ မိတ္ထီလာ အမှတ် (၁) ရဲစခန်း တာဝန်ကျနေသူဖြစ်ပြီး အမှတ် (၁) ရဲစခန်းက မြတ်နိုးသူတိုးဂိတ်မှာ လုံခြုံရေးတာဝန်ချပေးထားသူ ဖြစ်တယ်လို့ သိရပါတယ်။

Most Read

2024-09-22 07:51:00