Breaking News >> News >> Democratic Voice of Burma


မတ္တရာမြို့က စစ်ကောင်စီ ယာယီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ


Link [2022-03-07 17:13:58]



မန္တလေးတိုင်း၊ မတ္တရာမြို့မှာ မတ် ၇ ရက်နေ့မနက်ပိုင်းက စစ်ဆေးရေးဂိတ်တည့်တည့်ကို မိုင်း ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) တာဝန်ရှိသူတဦးက ပြောပါတယ်။  မတ္တရာမြို့မြောက်ဘက် မန္တလေး-မိုးကုတ် ကားလမ်းမကြီးပေါ်က ဆီဆိုင်တခုအနီးရှိ စစ်ကောင်စီ ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို ဒီမနက် ၉ နာရီ ၄၃ မိနစ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပကဖ(မတ္တရာ)ရဲ့ တာဝန်ရှိသူက “အဲဒီနေရာက သူက ရှောင်တခင်၊ တပတ်ကို တကြိမ်၊ နှစ်ကြိမ် လာတတ်တယ်ဆိုတော့ သူတို့ လာတတ်တဲ့နေရာကို ကျနော်တို့က မိုင်းထောင်ထားတာပေါ့။ ထောင်ထားတော့ သူတို့ ဆယ်ယောက်ကြားထဲကနေ ထကွဲတာပဲ၊ အကျအဆုံး ရှိနိုင်တယ်။ အနည်းဆုံးကတော့ ငါးယောက်၊ ခြောက်ယောက်လောက် ကျနိုင်တဲ့အနေအထားရှိတယ်။ မိုင်းက ပြင်းတယ်။ ပြင်းတယ်ဆိုတာ ငါး‌မိုင် ခြောက်မိုင်လောက်ကထိကို ဧရာဝတီမြစ်ရိုးဘက်ကထိကို ကြားရတယ်” […]

Most Read

2024-09-22 07:53:38