Breaking News >> News >> Democratic Voice of Burma


ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၅ ဦးထက်မနည်း သေဆုံး


Link [2022-03-06 15:33:57]



ကယားပြည်နယ်  ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မတ် ၅ ရက်က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ ဒီးမော့ဆိုမြို့နယ် သေးဆူးလဲကျေးရွာနဲ့ ဒေါနော်ကူကျေးရွာကြားမှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာပဲ ငွေတောင်ကျေးရွာအုပ်စုထဲက ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်မှာ စစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တနေ့ကုန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၅ ဦးထက်မနည်း သေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် CTU နည်းပညာလက်ရုံးရေးတပ်ရဲ့ ဒရုန်းတစီး […]

Most Read

2024-09-22 07:31:33