Breaking News >> News >> Democratic Voice of Burma


ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်


Link [2022-03-06 15:33:57]



မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၆ လမ်း နဲ့ ၇၇ လမ်းကြားရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနားမှာ မတ် ၆ ရက် နေ့လယ် ၁၂ ကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အတားဆီးများချထားပြီး ဗုံးပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။ “အဲ့ဒီရုံးရှေ့မှာ ဘယ်ရီဂိတ်တွေ အမြဲချထားတာ။ နောက်ပြီး စစ်သားလုံခြုံရေးလည်း အမြဲရှိတယ်။ တခါတခါ ညနေပိုင်းမှာ စစ်ဆေးတာတွေလုပ်တယ်” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတဦး က ပြောပါတယ်။ ဗုံဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မရှိရသေးဘဲ ပေါက်ကွဲမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ မတ် ၄ ရက်ကလည်း […]

Most Read

2024-09-22 07:47:08