Breaking News >> News >> Democratic Voice of Burma


ထီးချိုင့်မြို့နယ်၊ သခွပ်ချောင်ရွာကို စစ်တပ်က မီးရှို့၊ အိမ်ခြေ ၁၁ လုံး ဆုံးရှုံး


Link [2022-03-06 15:33:57]



စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွပ်ချောင်ကျေးရွာက ပြည်သူ့နေအိမ် ၁၀ လုံးကျော်ကို မတ် ၆ ရက်မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့မြောက်ဘက် တစ်မိုင်ဝန်းကျင်အကွာ ထီးချိုင့်-ကသာ သွားလမ်းပေါ်က သခွပ်ချောင်ကျေးရွာကို ခြေလျင်အင်အား ၄၀ ကျော်နဲ့ ဒီနေ့ မနက် ၄ နာရီလောက်က ဝင်ရောက်စီးနင်းခဲ့ပြီး မနက် ၆ နာရီလောက်မှာ မီးစတင် ရှို့ခဲ့ကြတာလို့ သိရပါတယ်။  သခွပ်ချောင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဝင်စီးပြီး လိုက်လံရှာဖွေခံရချိန်မှာ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ထီးချိုင့်မြို့ခံ တစ်ဦးက “လူတွေဘာတွေ လိုက်ရှာတာပါ။ အိမ်တွေ လိုက်ရှာပြုပြီးတော့မှ ခု ပြန်ဆုတ်သွားတာလေ။ ပြန်ဆုတ်သွားတော့ ရွာသားတွေကပြန်ပြီး မီးငြှိမ်းပေမဲ့ ၁၁ လုံးတော့ […]

Most Read

2024-09-22 07:39:32