Breaking News >> News >> Democratic Voice of Burma


ချောင်းမအနောက်ရွာကို စစ်တပ်က မီးရှို့၊ ကနီတွင် မီးရှို့ခံရသည့် စုစုပေါင်းကျေးရွာ ၈ ရွာရှိလာ


Link [2022-03-06 15:33:57]



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအနောက်ရွာကို စစ်ကောင်စီတပ်က မတ် ၅ ရက်နေ့ည ၁၁ နာရီအချိန်လောက်က မီးရှို့နေတယ်လို့ ဒေသခံရွာသားတွေတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှိုနေတာဟာ လက်ရှိကျေးရွာနဲ့ဆိုရင် ၈ ရွာထက်မနည်းရှိသွားပြီလို့ ဆိုပါတယ်။ “နေ့ခင်းပိုင်းတုန်းကတော့ ငြိမ်နေတာ။ ညပိုင်း ၁၁ လောက်မှ ဒီကောင်တွေ ထပြီးကျေးရွာကို မီးရှို့ကြတာ။ ရှို့တာလည်း သုံးနေရာခွဲရှို့တာဆိုတော့ ကျနော်တို့ရွာလေးကတော့ အကုန်ပြာကျမယ်ထင်တယ်ဗျာ။ အဲကောင်တွေကလည်း ရွာထဲက မထွက်သေးတော့ ပိုဆိုးတော့တာပဲ” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် ချောင်းမကျေးရွာက နေအိမ်ဘယ်နှလုံး ပျက်စီးဆုံးရှုံးတယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ အခုမီးရှို့ခံရတဲ့ ချောင်းမကျေးရွာဟာ အရှေ့ရွာ၊ အနောက်ရွာ နှစ်ရွာရှိပြီး နှစ်ရွာကြားက ချောင်းတခုသာ […]

Most Read

2024-09-22 07:31:41