Breaking News >> News >> Democratic Voice of Burma


ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်တပ်က ၂၀ ကျော်သေဆုံးပြီး ရွာတရွာ မီးရှို့ခံရ


Link [2022-03-06 15:33:57]



မကွေးတိုင်း ပေါက်မြို့နယ်မှာ မတ်လ ၅ ရက်နေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ ကျေးရွာတရွာကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF က ပြောပါတယ်။ စစ်ကောင်စီတပ်တွေ၊ရဲတွေနဲ့ ပျူစောထီးတွေဟာ မနေ့ မနက်ပိုင်းက ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာကနေ အင်းငယ်ထောင့် ရွာလက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဘို့မယ်ရွာဘက်ကို ထိုးစစ်ဆင်လာလို့ ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ နဂါးလေးက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီတိုက်ပွဲကို SPGF၊ SPPDF၊ CAF နဲ့ PPCC မဟာမိတ်တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ မနက်ပိုင်းကနေ ညနေ ၃ နာရီလောက်အထိ တနေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ကာ […]

Most Read

2024-09-22 07:42:07