Breaking News >> News >> Democratic Voice of Burma


ဖလမ်းနှင့်ကလေးမြို့နယ်တို့၌ ၁ လအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး


Link [2022-03-06 15:33:57]



ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ ဖေဖော်ဝါရီ တစ်လအတွင်း CNDF နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၁ ယောက်သေဆုံးကာ ၅၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  CNO/CNDF က ထုတ်ပြန်ပါတယ်။ ကလေးမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CNDF အပါဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိကာ CNDF ဘက်က ရဲဘော်တစ်ယောက်ကျဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ဖလမ်းမြို့နယ် ပါရ်သဲရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နှစ်ဖက်တပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက်သေဆုံးကာ […]

Most Read

2024-09-22 07:39:55