Breaking News >> News >> Democratic Voice of Burma


ဗန်းမော်တွင် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ


Link [2022-03-06 02:38:35]



ကချင်ပြည်နယ်၊ ဗန်းမော်မြို့​ပေါ်နဲ့ ပတ်ဝန်းကျင်ရပ်ကွက်တွေမှာ မူးယစ်ဆေးဝါးတွေထဲက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ သုံးစွဲသူတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို့  မြို့ခံတွေက ပြောပါတယ်။ မူးယစ်ဆေး သုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ ပိုမိုများပြားလာပြီးတော့ လူနေရပ်ကွက်လမ်းကြားတွေမှာ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ ပိုမိုမျာပြားလာတယ်လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူခံတစ်ဦးက ပြောပါတယ်။ “ကျမတို့ ရပ်ကွက်မှာဆို အရမ်းများလာတယ်၊ အပ်တန်းလန်းနဲ့ လမ်းဘေးတွေမှာ ပေါ်တင်ထိုးနေကြတာ။ ရောင်းတဲ့သူတွေကော၊ ရောင်းတဲ့သူတွေထဲမှာ မိန်းကလေးတွေကော ပါတယ်။” ဗန်းမော်မြို့မှာ လူငယ်တွေအကြား  သွေးကြောထဲသွင်းပြီးသုံးတဲ့ ဘိန်းဖြူနဲ့ တခြားမူးယစ်ဆေးဝါးသုံးစွဲမှုတွေ၊ ရောင်းဝယ်မှုတွေပေါများလာတာဟာ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ အလုပ်ကောင်းကောင်းမလုပ်လို့ ဖြစ်တယ်လို့ လူထုအခြေပြု မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့တဲ့ လူငယ်ကပြောပါတယ်။ “ဗန်းမော်မှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေက မူးယစ်ဆေးသုံးတာ […]

Most Read

2024-09-22 07:31:58