Breaking News >> News >> Democratic Voice of Burma


ခင်ဦးမြို့နယ်၌ တိုက်ပွဲဖြစ်၊ စစ်တပ်ကရွာဝင်မီးရှို့၊ ၅ နှစ်အရွယ်ကလေးငယ် ကျည်ဆန်ထိမှန်


Link [2022-03-06 02:38:35]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ဒန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေက မတ်လ ၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ဝင်ရောက်ပစ်ခတ်ကာ လူနေအိမ်တွေပါ မီးရှို့သွားခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်းပစ်ခတ်တာကြောင့် ၅ နှစ်ရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်ထိမှန်ထားတယ်လို့သိရပါတယ်။ ဒေသခံရွာသား တစ်ဦးက “ပြန်စရာ ကျနော်တို့ အိမ် မရှိတော့ပါဘူး။ စစ်ကောင်စီပစ်လို့ ရွာက ၅နှစ်  အရွယ် ကလေးလည်း ကျည်မှန်ထားတယ်။ တစ်ရွာလုံးနီးပါး မီးလောင်သွားနိုင်တယ်။ ဒီကောင်တွေရှိနေတော့ မီးလောင်အိမ်ဘယ်နှစ်လုံးရှိမယ်ဆိုတာတော့အတိကျမသိရသေးဘူး”လို့ ပြောပါတယ်။ ခင်ဦးမြိုနယ်အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဒန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်နဲ့ မီးရှို့ဖျက်ဆီးနေသလို  လက်ရှိအချိန်အထိ မီးလောင်နေပြီး မီးငြှိမ်းမယ့်သူ မရှိဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ […]

Most Read

2024-09-22 09:26:38