Breaking News >> News >> Democratic Voice of Burma


တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ထမ်း ၁ ဦးနှင့် မြို့ခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး


Link [2022-03-06 02:38:35]



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဟိုတယ်ဝန်ထမ်း  တယောက်နဲ့  မြို့ခံ နှစ်ယောက်တို့ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က  မတ်လ ၃ ရက်ညမှာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ တောင်ကြီးမြို့ လမ်းမတော်ရပ်က စိန့်းဂျိုးဇက်ခရစ်ယာန်ဘုရားကျောင်းလမ်းထဲက  BH Hotel ကို ရဲတွေဝင်ရောက်စစ်ဆေးခဲ့ရာက ဟိုတယ်ဝန်းထမ်းဖြစ်သူ ဟိန်းကိုကို (ခ) ကျွဲကြီးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မဝင်းပပနဲ့ ကိုသူရိန်ဝင်းတို့ကို တည်းခိုရာနေအိမ်တွေက ဆက်လက်ဖမ်းရမိခဲ့တယ်လို့ တောင်ကြီးနွေဦးချန်နယ်တာဝန်ရှိသူကပြောပါတယ်။ “ကျွဲကြီးက ဒီမြို့မှာလှုပ်ရှားနေတဲ့သူပေါ့။ ဖမ်းခံရတဲ့အချိန် ဖောက်ခွဲရေးပစ္စည်းတွေပါ သွားတယ်။ သတင်းပေါက်ကြားလို့ ဖမ်းခံရတာ။ သတင်းပေးသူက ဒလန်လို့ နာမည်ကြီးပြီးသားလို့ ပြောတယ်။ ရဲစခန်းအထိ အဲဒီလူပါလာတယ်”လို့ အဆိုပါ ဟိုတယ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ မဝင်းပပနဲ့ နီးစပ်သူတစ်ဦးက “သူ့ကို မိန်းကလေးလည်းဖြစ်တော့ […]

Most Read

2024-09-22 09:28:32