Breaking News >> News >> Democratic Voice of Burma


စစ်ကိုင်း၊ ရှားပင်ကန်ရွာတွင် ဗုံးကွဲပြီး ပျူစောထီးခေါင်းဆောင်သေဆုံး


Link [2022-03-06 02:38:35]



စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရှားပင်ကန်ရွာက ပျူစောထီးခေါင်းဆောင် တယောက်ရဲ့ နေအိမ် ခြံဝင်းအတွင်း မတ်လ ၅ ရက်  ဒီမနက် ၆ နာရီခွဲလောက်က  ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပျူစောထီးခေါင်းဆောင် ဦးဆန်းဌေးဟာ တပည့်အပေါင်းပါတွေနဲ့အတူ လုံခြုံရေးအပြည့်နဲ့ နေထိုင်သူဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့ တတ်တတ်ကြွကြွဆောင်ရွက်နေသူဖြစ်တယ်လို့ သိရပါတယ်။ “ဆန်းဌေး သူ့ ခြံဝင်းထဲရှိနေချိန်မှာ ဗုံးပေါက်ကွဲတာ။ သူနဲ့ သူ့ဇနီး သေတယ်လို့ ကြားတယ်။ သူက တပည့်တွေနဲ့ စုရုံးနေကြတာ။” လို့ စစ်ကိုင်းမြို့နယ် ဒေသခံတဦး က ပြောပါတယ်။ ဒီဗုံးခွဲတိုက်ခွဲမှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ​ပြည်သူ့တပ်ဖွဲ့ (PAFD) က လုပ်ဆောင်တာဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဦးဆန်းဌေးနဲ့ ဇနီးဖြစ်သူ ဒေါ်သန်းနုတို့ သေဆုံးသွားကြောင်း ထုတ်ပြန်ထားပါတယ်။

Most Read

2024-09-22 09:34:28