Breaking News >> News >> Democratic Voice of Burma


စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်အတူ မြန်မာ့စီးပွားရေး ပိုမိုဆိုးရွားလာနိုင်


Link [2022-03-05 19:01:23]



စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာနိုင်သလို ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲ အကြီးအကျယ် ထပ်မံရင်ဆိုင်ရဖို့ ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ လတ်တလော ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။ စက်သုံးဆီဈေးနှုန်း အခုလို စံချိန်တင် မြင့်တက်လာမှုဟာ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးမားလာသလို လုပ်ငန်းလည်ပတ်နိုင်ဖို့တောင် မနည်းကြိုးပမ်းနေရတဲ့ ပြည်တွင်းက အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတချို့  ထပ်မံ ရပ်နားလာရပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် မြန်မာ့စီးပွားရေး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။ “မြန်မာပြည်က နဂိုကတည်းက ကျပ်တည်းနေတဲ့ တိုင်းပြည်၊ စက်သုံးဆီတို့ ဘာတို့ကလည်း အကုန်လုံးကို […]

Most Read

2024-09-22 09:44:40