Breaking News >> News >> Democratic Voice of Burma


ဝါးခြင်းကြား၊ အာကာထွန်းဘောင်းဘီတိုနဲ့ လူစဉ်မမီတဲ့ စစ်သားမှသည် မုန့်ဟင်းခါးပွဲမဖြစ်စေဖို့


Link [2022-03-05 19:01:23]



သတင်းအမှောင်ချ မှိုင်းတိုက်ခံထားရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရှေ့တန်းထွက်ရတဲ့ ပုံရိပ်တွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ စိတ်ညစ်ညူးဖွယ် တွေ့ကြရတာက ဝါးခြင်းကြားတွေ ကျောမှာပိုး၊ အာကာထွန်းဘောင်းဘီအတိုတွေ ဝတ်ပြီး စုတ်တီးစုတ်ဖပ် ချီတက် စစ်ထွက်နေကြပုံတွေပါပဲ။ နိုင်ငံဘဏ္ဍာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အခွင့်ထူးခံရယူပြီး ယုတ်ညံ့စွာ ချမ်းသာကြွယ်ဝလာတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်တံ့ခိုင်မြဲဖို့နဲ့ သူတို့ရဲ့ မသန့်ရှင်းတဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဘာမသိညာမသိ လူမိုက် လူ့အန္ဓတွေပမာ ကျားစွယ်သွေးတိုက်ပြီး ပြည်သူလူထုကို တိုက်ခိုက်ဖို့ ရှူးတိုက်ခံလိုက်ရမှန်းမသိဘဲ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်နေရသယောင် ထင်မှတ်မှားပြီး အခုလို ခြင်းကြားပိုး၊ အာကာထွန်းဘောင်ဘီတို ဝတ်ပြီး လူစဉ်မမီတဲ့ စစ်သားဘဝတွေနဲ့ မကြာခင်မှာ စစ်အာဏာရှင်အတွက် အချည်းအနှီး အသက်စွန့်ကြပြီး အခုခေတ် အသုံးနဲ့ပြောရရင် မွှင်းခါးဖြစ်ကြရတော့မယ်ဆိုတာ အမှန်အတိုင်း သိခဲ့ကြမယ်ဆိုရင် CDM စစ်သားတွေအဖြစ် ပြည်သူဘက်ကိုကူးပြောင်းလာကြမှာ သေချာလှပါတယ်။  တကယ်တော့ […]

Most Read

2024-09-22 09:31:28