Breaking News >> News >> Democratic Voice of Burma


မူးယစ်ရမ်းကား မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲတပ်သားသစ်အဖြစ်စုဆောင်း


Link [2022-03-05 19:01:23]



စစ်တပ်အာဏာသိမ်းပြီးနောက် ဥပဒေမဲ့လုပ်ရပ်တွေမှာ စစ်တပ်နဲ့အတူ ပါဝင်ကျူးလွန်နေတဲ့ ရဲတပ်ဖွဲ့ထဲကို လူငယ်လူရွယ်တွေ  ဝင်ရောက်မှုနည်းလာတာကြောင့် မူးယစ်ရမ်းကားနဲ့ မှောင်ရိပ်ခိုမှုကြောင့် ဖမ်းမိလာသူတွေကို ရဲတပ်သားသစ် အဖြစ်စုဆောင်းနေရတယ်လို့ ရဲအသိုက်အဝန်းကနေ သိရပါတယ်။ ရဲတပ်ဖွဲ့ထဲဝင်ရောက်သူနည်းလာတာကြောင့် သတ်မှတ်ပညာအရည်ချင်းထက်လျှော့ပြီး ၆ တန်းအောင်တွေကို ခေါ်ပေမယ့် ဝင်မယ့်သူမရှိတာကြောင့် ရတဲ့နည်းလမ်းအသုံးပြုကာ ရဲတပ်သားသစ်စုဆောင်းနေရတာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ရဲထဲကို ဝင်မယ့်သူက မရှိသလောက် ရှားနေတာ အရင်ကတော့ ရတယ် ခုက ပညာအရည်ချင်းလျော့လည်း မရတော့ အဲ့လိုမျိုး ညပိုင်းမိလာတဲ့သူတွေကို ခြိမ်းခြောက်ပြီး လှည့်ခေါ်နေရတာ”လို့ ပြောပါတယ်။ မူးယစ်ရမ်းကား၊ မှောင်ရိပ်ခိုမှုတွေကြောင့် ဖမ်းမိလာတဲ့ လူငယ်တွေကို PDF တွေလိုစွပ်စွဲကာ အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ပြီး ရဲထဲဝင်မလားဆိုပြီး ရဲတပ်သားသစ် ခေါ်ယူနေတာလို့ ဆိုပါတယ်။ ရဲဥပဒေနဲ့ အရေးယူခံရရင် ထောင်ဒဏ် ၁ လကနေ […]

Most Read

2024-09-22 09:43:30