Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဝတ်စုံ လေလံတင်ရောင်းချပွဲ ကိုရီးယားတွင် ကျင်းပမည်


Link [2022-03-05 19:01:23]



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စုံ လေလံတင်ရောင်းချပွဲနဲ့  KTJ SUPPORTING GROUPရဲ့ တတိယအကြိမ် ကံစမ်းမဲအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားကို မတ် ၆ ရက် မနက်ဖန် တနင်္ဂနွေနေ့ ကိုရီးယားစံတော်ချိန် မနက် ၁၁ နာရီ အွန်လိုင်းကနေ ကျင်းပဖို့ ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ပြည်ပရောက် နွေဦးတော်လှန်ရေးအဖွဲ့တွေက  ပူးပေါင်းကျင်းပတာဖြစ်ပြီး လေလံတင်မယ့် အင်္ကျီဟာ နဝတ၊ နအဖ စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျနေစဉ်ကာလမှာ လက်မောင်းအဆက်ကြားအရောင်ကွပ် ဒီဇိုင်းထွင်ခဲ့ပြီး အတူနေသူ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက ချုပ်ပေးခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ စက်ကြီးပန်းထိုးတွေ၊ အနားကွပ်တဲ့ အရောင်သွေးတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်တွဲစပ် ပေးထားတာဖြစ်ပါတယ်။ အထူးသဖြင့် ထမီရဲ့အထက်ဆင့်တွေကို အနက်ရောင် […]

Most Read

2024-09-22 09:43:21