Breaking News >> News >> Democratic Voice of Burma


ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းသားများအပါအဝင် ၅ ဦး ဖမ်းဆီးခံရ ၊ အမျိုးသမီး ၁ ဦး သေနတ် ဒဏ်ရာရ


Link [2022-03-05 19:01:23]



ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာ မတ် ၄ ရက်က ပခုက္ကူနည်းပညာတက္ကသိုလ် ပထမနှစ် ကျောင်းသားတွေ အပါအဝင် ၅ ယောက်ကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ပခုက္ကူနည်း ပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက မတ်လ ၅ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။ မြို့ရှောင်လမ်းက ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့က နေ့လယ်က နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုလင်းဆက်အောင်နဲ့ လူငယ် တစ်ယောက် ဆိုင်ကယ်စီးလာတာကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက တားပြီးဖမ်းဆီးသွားတာလို့ နည်းပညာတက္ကသိုလ် ကျောင်းသား တစ်ယောက်က ပြောပါတယ်။ သူတို့နှစ်ယောက်ကို ဖမ်းဆီးပြီး သူငယ်ချင်းနှစ်ယောက်ဆီကို စစ်အုပ်စုတွေက ဟန်ဆောင်ဖုန်းဆက်ကာ နေရာမေးပြီး 7Star စာဖွယ်စုံဆိုင်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဒါအပြင် ပခုက္ကူမြို့ရှောင်လမ်းမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ဆိုင်ကယ်စီးလာတာကို […]

Most Read

2024-09-22 09:29:04