Breaking News >> News >> Democratic Voice of Burma


တောင်ငူ-လွိုင်ကော်လမ်းပိုင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး ယာဉ်ဖြတ်သန်းခွင့်ကန့်သတ်


Link [2022-02-27 14:12:55]



ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ယာဒိုတပ်စခန်းက စစ်ဆေးမေးမြန်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို တစ်ရက်သုံးစီးသာ ခွင့်ပြုတော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီးက စစ်ကောင်စီရဲ့ ယာဒိုတပ်စခန်းဂိတ်မှာ ယခင်ကထက် လုံခြုံရေးအင်အားပိုမိုဖြည့်တင်းထားပြီး လုံခြုံရေးအကြောင်းပြချက်နဲ့  စစ်ဆေးမေးမြန်းတာတွေ ပိုမိုတင်းကျပ်လာတဲ့အပြင် ခရီးသွားယာဉ်တွေကို တားဆီးကန့်သတ်လိုက်တာကြောင့် အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ရသလို အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ ယာဒိုကျေးရွာသားတစ်ဦးက “အရင်က ကား၊ ဆိုင်ကယ်ဖြတ်သန်းဖြတ်လာခွင့် ကန့်သတ်မထားဘူး။ အခုက စစ်ဆေးတာတွေက ပိုမိုတင်းကျပ်လာတယ်။ ကားတွေကို တစ်နေ့သုံး စီးထက်ပိုပြီး ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကျနော်တို့ ဒေသခံတွေ နေ့စဉ်ရောင်းဝယ်ဖောက်ကားဖို့ သွားလာနေရတဲ့အတွက် အစဉ်မပြေသလို အပြစ်မဲ့ပြည်သူတွေ အဖမ်းခံရမှာ စိုးရိမ်တယ်” လို့ ဆိုပါတယ်။ […]

Most Read

2024-09-22 09:21:55