Breaking News >> News >> Democratic Voice of Burma


ထိုင်းသရုပ်ဆောင်မင်းသမီးတိုင်မို သေဆုံးမှု လှေပေါ်ပါသူများကို ရဲကအမှုဖွင့်


Link [2022-02-27 14:12:55]



ထိုင်းနိုင်ငံ နွန်ထပူရီမြို့နယ် မယ်နန်ကျောက်ဖရားမြစ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းသရုပ်ဆောင်ရုပ်ရှင်မင်းသမီး “တိုင်မိုနိဒါး” စပိဘုတ်စီးရင်း ရေထဲပြုတ်ကျ သေ ဆုံးသွားတာနဲ့ပတ်သက်လို့ လှေအတူစီးလာတဲ့ အပေါင်းပါ ၅ ဦးကို ရဲတပ်ဖွဲ့က ပေါ့ဆမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။  သူမရဲ့အလောင်းကို မှုခင်းဆေးသိပ္ပံဌာနက ခွဲစိတ်စစ်ဆေးရာမှာ အဆုတ်ထဲမှာ သဲတွေဝင်ပြီး သေဆုံးသွားတာဖြစ်ကြောင်း၊ မျက်နှာပေါ်က သွေးစနဲ့ ဘယ်ဘက်ခြေတောက်က ထိခိုက်ဒဏ်ရာတွေကိုတော့ ဘာကြောင့်ရသလဲဆိုတာ ဆက်လက်စစ်ဆေးနေပြီး လောလောဆယ် လှေပေါ်က အဖော် ၅ ဦးကို လူသေစေအောင် နမော်နမဲ့ ပေါ့ဆမှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဖိုင်းဆန် ဝုန်ဝပ်ချရမုံးခုံးက သတင်းထောက်တွေကို ပြောပါတယ်။  ဒါ့အပြင် သူတို့စီးလာတဲ့ စပိဘုတ်လှေဟာ လိုင်စင်သက်တမ်းကုန်နေပြီး လှေမောင်း သမားကလည်း လိုင်စင်မရှိဘူးလို့ ဆိုပါတယ်။  လှေပေါ်အတူပါလာတဲ့ အမျိုးသား […]

Most Read

2024-09-22 09:29:06