Breaking News >> News >> Democratic Voice of Burma


စစ်​ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ဒဏ်ရာရ


Link [2022-02-27 14:12:55]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းမှာ တပ်စွဲ​​နေထိုင်​နေတဲ့ စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ်မှု​ကြောင့် ဘုန်း​တော်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ​ဖေ​ဖော်ဝါရီ  ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်​လောက်က ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းက​နေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့ရာ ဥယျာဥ်ကျောင်း အတွင်းကို လက်နက်ကြီး  နှစ်လုံး ကျ​ရောက်​ပေါက်ကွဲခဲ့ပြီး တစ်လုံးက​တော့ ရွာရဲ့​တောင်ဘက်မှာပဲ ကျ​ရောက်​ပေါက်ကွဲခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဥယျာဥ်ကျောင်းအတွင်း ကျ​ရောက်​ပေါက်ကွဲမှု​ကြောင့် ဘုန်း​ကြီးတစ်ပါးရဲ့ လက်မှာ လက်နက်ကြီးစ ထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရရှိသွားခဲ့တယ်လို့လည်း ဆိုပါတယ်။  အဲဒီ​ကျောင်းမှာ ဘုန်းကြီးနှစ်ပါး သတင်းသုံး​ ​နေထိုင်နေတာဖြစ်ပြီး  နှစ်ပါးလုံးက အကြား အာရုံ မ​ကောင်းကြဘူးလို့ ​ပြောပါတယ်။ စစ်​ကောင်စီတပ်အင်အား ၇၀ ခန့်​လောက်​နဲ့ ဘန့်​ဘွေးရွာမ​ကျေးရွာအတွင်းကို ​ဖေဖော်ဝါရီ  […]

Most Read

2024-09-22 09:38:42