Breaking News >> News >> Democratic Voice of Burma


ဂျော်ဂျီယာတွင် ရုရှားကျူးကျော်စစ်အပေါ် လူထောင်ချီ ရှုတ်ချ


Link [2022-02-27 14:12:55]



ဂျော်ဂျီယာနိုင်ငံမှာ ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာဟာ ဖေဖော်ဝါရီ ၂၆ ရက်က မြို့တော် တီဘစ်လီဆီရင်ပြင်မှာ စုဝေးပြီး ပူတင်ကို ရှုတ်ချခဲ့ပါတယ်။  ပူတင်က ယူကရိန်းနာဇီအစိုးရက ရုရှားလုံခြုံရေးအတွက် အန္တရာယ်ပြုနေတယ်လို့ ဝါဒ ဖြန့်ပြောဆိုပြီး ကြာသာပတေးနေ့က စစ်ပွဲဆင်နွှဲတာပါ။  ဆန္ဒပြလူငယ်တဦးက “ပူတင်ရဲ့ ကျူးကျော်ရုရှားတွေနဲ့ တိုက်ပွဲဝင်နေရတဲ့ ယူကရိန်းပြည်သူတွေကို ထောက်ခံမှု လာပြတာပါ။ ပူတင်ကိုရော ရုရှားအစိုးရကိုရော လုံးဝဆန့်ကျင်ပါတယ်။ ကျနော်တို့ ဂျော်ဂျီယာပြည်သူတွေ ယူကရိန်းနဲ့အတူရှိပါတယ်” လို့ ပြောတာပါ။  ဂျော်ဂျီယာနိုင်ငံကလည်း ၂၀၀၈ ခုနှစ်မှာ တောင်ဘက် အာဆီးရှားနဲ့ အက်ဘ်ခါဇီယန် ဒေသတို့မှာ ရုရှားနဲ့ စစ်ဖြစ်ခဲ့ပြီး၊ ဒေသနှစ်ခုကို ဆုံးရှုံးခဲ့ရတာပါ။   အဆိုပါဒေသနှစ်ခုကို လွတ်လပ်သောနိုင်ငံများ အဖြစ် ရုရှားက အသိအမှတ်ပြု ကြိုးကိုင်ထားပါတယ်။

Most Read

2024-09-22 09:21:55