Breaking News >> News >> Democratic Voice of Burma


ရေစကြိုတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်


Link [2022-02-27 14:12:55]



မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီလောက်က ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီတပ်ကို  ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံး၊ ၃ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေကို မြင်းခြံ MG6 ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ PDF-တလုတ်၊ MGN RANGER၊ MGN 35၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နဲ့ ရေလယ်ကျွန်းတပ်ပေါင်းစု YLK-PDF တပ်ရင်(၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်နာရီလောက်ကြာအောင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်ပေမဲ့  ညီနောင်မဟာမိတ်တပ်ဖွဲတွေဘက်က အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ […]

Most Read

2024-09-22 09:33:25