Breaking News >> News >> Democratic Voice of Burma


ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်တစီးပေါက်ကွဲ၊ ဆိုင်ကယ်မောင်းသူ သေဆုံး


Link [2022-02-27 14:12:55]



မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် -မန္တလေးကားလမ်းဟောင်း၊ ရတနာပုံမီးပွိုင့်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၅ နာရီဝန်းကျင်က ဆိုင်ကယ်တစီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ တူးဘောက်အတွင်းက ပေါက်ကွဲတာဖြစ်ပြီး ဆိုင်ကယ်ပျက်စီးသွားတဲ့အပြင် ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးသွားတယ်လို့ သိရပါတယ်။ “ကိုယ်တိုင်တော့ မမြင်လိုက်ဘူး။ အဲ့ဒီနားမှာ ဗုံးကွဲပြီး လူတယောက်အောင်ပိုင်းပြတ်သေသွားတယ်လို့တော့ကြားတယ်။ မနက်ပိုင်းက အဲ့ဒီနား အရပ်ဝတ်တွေနဲ့ စစ်နေတာတော့တွေ့တယ်။” လို့ ပြည်ကြီးတံခွန်မြို့နယ်နေ ပြည်သူတဦးက ဆိုပါတယ်။ ဒါ့အပြင် ချမ်းမြသာစည် မြို့နယ်၊ ၇၃ လမ်း နဲ့ ၁၀၇ လမ်းအနီးမှာလည်း မနက် ၃ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံသူရဲ့အနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးနဲ့ ကျည်ဆန်တချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

Most Read

2024-09-22 09:28:49