Breaking News >> News >> Democratic Voice of Burma


ရေဦးတိုင်းရင်းဆေးရုံရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄၀ (မမ) ဖြင့် ပစ်ခတ်


Link [2022-02-27 14:12:55]



စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံအတွင်းကို ဖေဖော်ဝါရီ  ၂၇ ရက် မနက်ပိုင်းက ၄၀ (မမ) ဗုံးသီးခြောက်လုံးနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ “ဒီကောင်တွေ ဆေးရုံမှာ ဆေးကုသနေတာ။ ဖရဲသီးတစ်ကောင်က သတင်းအတိကျ ပေးတာ။ အဲဒါကြောင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့တယ်။ ၆ လုံးပစ်ခဲ့တယ်။ သူတို့ဘက်က အကျဆုံးအတိကျ မသိရဘူး” လို့ ရေဦးပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရေဦးမြိုနယ်အတွင်း နယ်မြေစိုးမိုးရအောင် ထိုးစစ်ဆင်တာကို ပုံစံအမျိုးမျိုးပြုနဲ့ ပြုလုပ်နေသလို ရေဦးမြို့နယ် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံကလည်း ပြည်သူတွေဆီကနေ အတင်းအကြပ် ငွေကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most Read

2024-09-22 09:39:23