Breaking News >> News >> Democratic Voice of Burma


ရေဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းပြီး ပြည်သူလူထုထံမှ အဓမ္မ ငွေတောင်းနေ


Link [2022-02-27 04:33:33]



စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ  စစ်ကောင်စီတပ်နဲ့  ဌာနဆိုင်ရာဝန်ထမ်းတွေ  ပူးပေါင်းပြီး ပြည်သူလူတွေထံကနေ အဓမ္မငွေကြေးတောင်းခံ နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အထူးသဖြင့်  နိုင်ငံသားစိစစ်ရေးကတ်လုပ်ရာမှာ၊ ဆိုင်ကယ်တွေဖမ်းဆီးရာမှာနဲ့ ထောက်ခံစာတွေ လုပ်တဲ့နေရာတွေမှာ ပြည်သူလူထုထံက ငွေကြေးအတင်းအကျပ်တောင်းနေတာဖြစ်ပါတယ်။ ရေဦးဒေသခံပြည်သူတစ်ဦးက “ ကျနော်တို့မြို့နယ်မှ အဆိုးဆုံးလို့တောင်ပြောလို့ရမယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားစိစစ်ရေးကပ်ပြားလုပ်ဆောင်ရာမှာ လဝကဌာနက အသစ်လုပ်လိုပဲဖြစ်ဖြစ်၊ အသစ်လဲလှယ်လို့ပဲဖြစ်ဖြစ် နှစ်သောင်းခွဲတောင်းတယ်။ အရင်ပြည်သူ့အစိုးရလက်ထက်က ဘာမှမပေးခဲ့ရဘူး။ ဒီစစ်ကောင်စီအာဏာသိမ်းချိန်မှ အခုလိုတောင်းနေကြတယ်။ သူတို့ရှေ့ကဖြတ်စီးတဲ့ ဆိုင်ကယ်မှန်ရင် အပြစ်မရှိ အပြစ်ရှာတယ်။ လိုင်စင်ပါလဲဖမ်းတယ်။ ဖမ်းပြီး ဘာမပါလို့  ညာမပါလိုပြောပြီး အနည်းဆုံး  သုံးသောင်းလောက်တောင်းတယ်။ ထောက်ခံစာလုပ်လဲ ကျနော်တို့ ရွာတွေက ဥက္ကဋ္ဌမရှိ၊ စာရေးမရှိလို့ မြိုနယ် ထွေအုပ်ရုံးသွားထောက်ခံစာတောင်းရင်လဲ ထွေအုပ်ရုံးက ငွေတောင်းတယ်။ ဘယ်ရုံးသွားသွား ငွေတောင်းနေကြတယ်။ ဘာလို့တောင်းတာလဲဆိုတော့ အခုလိုခေတ်ပျက်တဲ့အချိန်မှာ […]

Most Read

2024-09-22 09:44:20