Breaking News >> News >> Democratic Voice of Burma


မောင်တော- ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်းမှ တာဝါသံဘောင် ၁၂ တန်ခန့် ပျောက်ဆုံး


Link [2022-02-27 04:33:33]



ရခိုင်ပြည်နယ်၊ မောင်တော-ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းက ပစ္စည်းတွေဖြစ်တဲ့ တာဝါသံဘောင် ၁၂ တန်လောက်  ပျောက်ဆုံးနေတယ်လို့ မဟာလျှပ်ဓာတ်အားလိုင်းတည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ မဟာဓါတ်အားလိုင်း တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “လျှပ်စစ်တာဝါတိုင်တွေ တည်ဆောက်မယ့်သံဘောင်တွေပျောက်နေတာပါ။ အရင်ကထက် အခုပျောက်တာပိုများလာတယ်။ လိုက်လံပြီးစုံစမ်းထားတယ်။ အားလုံးတာဝါတိုင် ၄ တိုင်စာလောက်ပျောက်နေတယ်။ တန်ချိန်နဲ့ဆို ၁၂ လောက်ရှိမယ်။”လို့ ပြောပါတယ်။ ကြိမ်ချောင်းလျှပ်ဓါတ်အားခွဲရုံကို  ဂျပန်နိုင်ငံရဲ့ JICA  အစီအစဉ်ရဲ့   ODA ချေးငွေနဲ့  ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းအပြီး ခဏရပ်ထားခဲ့ရပါတယ်။ အခု ၂၀၂၂ ခုနှစ်မှ စတင်ကာ တာဝါတိုင်တွေ ပြန်လည်တည်ဆောက်နေတာဖြစ်ပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုတွေကတော့ ၂၀၂၂/၂၀၂၃ ခုနှစ်မှာ ပြီးစီးဖို့ ယာထားကြောင်းသိရပါတယ်။ အဆိုပါ 66.kV ကြိမ်ချောင်း မဟာလျှပ်စစ်ဓာတ်အားခွဲ […]

Most Read

2024-09-22 09:23:00