Breaking News >> News >> Democratic Voice of Burma


ယူကရိန်းတပ်များ လက်နက်ချပါက ဆွေးနွေးရန်အသင့်ဟု ရုရှားပြော


Link [2022-02-27 04:33:33]



ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာဗရော့က ယူကရန်းတပ်တွေ လက်နက်ချရင် ဆွေးနွေးဖို့ အသင့်ပဲလို့  ဖေဖော်ဝါရီ ၂၅ ရက်မနေ့က  သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။  လာဗရော့က သမ္မတပူတင်အနေနဲ့ နေတိုးအဖွဲ့နဲ့ရော ယူကရိန်းနဲ့ပါ လုံခြုံရေးကိစ္စ ပထမ စကားပြောလိုပြီး ဒုတိယအနေနဲ့ ရုရှားရဲ့ စစ်ရေးထိုးစစ်တွေကို အခြေအနေပေါ်မူတည်ပြီး ရပ်ပေးမယ်လို့ ကမ်းလှမ်းကြောင်း ပြောပါတယ်။ ရုရှားအစိုးရဘက်ကတော့ ဘီလာရုစ်မြို့တော် မင့်စ်မှာ ယူကရိန်းအရာရှိတွေကို တွေ့ဆုံဖို့ ကမ်းလှမ်းထားတာပါ။ ယူကရိန်းကတော့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ တွေ့ဆုံဖို့ ရွေးချယ်ထားတာကြောင့် ညှိနှိုင်းနေဆဲပါ။ အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်ကတော့ ရုရှားတို့ရဲ့ ဆွေးနွေးပွဲ ကမ်းလှမ်းချက်က သေနတ်ထောက်ထားတဲ့ သံတမန်နည်းလမ်းလို့ပြောပြီး ဆွေးနွေးပွဲ အမှန်တကယ် ဖြစ်လိုတယ်ဆိုရင် ပူတင်အနေနဲ့ ယူကရိန်းကို ဗုံးကြဲနေတာတွေ ရပ်ပါလို့ တုံ့ပြန်ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံ ခါဆန်ဒေသကို ရုရှားစစ်ယာဉ်တန်းတွေ […]

Most Read

2024-09-22 09:30:51