Breaking News >> News >> Democratic Voice of Burma


ရေစကြိုမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-02-27 04:33:33]



မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်ညက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ရေစကြိုမြောက်ပိုင်း N-YSO ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။ ရေစကြိုမြို့နယ် ချောင်းဦး-ရေစကြို ကားလမ်းမှာ မနေ့က ည ၈ နာရီခွဲလောက်က စစ်ယာဥ်တန်း ကား ၂ စီးအနက် ဖောကားတစ်စီးကို N-YSO ပြောက်ကျားတပ်ဖွဲ့နဲ့ ငဘဒေသပြည်သူကာကွယ်ရေး ပြောက်ကျားတပ်တို့ ပူးပေါင်းကာ ပဒေသာမိုင်းဆွဲ ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ N-YSO ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “စစ်ကောင်စီတပ်တွေဟာ အင်အား ၃၀ လောက်နဲ့ လူမှုကူညီရေးကားတစ်စီးရယ်၊ ဖောကား အဖြူတစ်စီးရယ် အသုံးပြုပြီးတော့ ဖြတ်လာတာဗျ။ လူမှုကူညီရေးကားပေါ်မှာ ပြည်သူတစ်ယောက်ပါတယ်လို့ ကြာသိရလို့ အဲဒီကားကိုရှောင်ပြီး အနောက်က ဖောကားကို ပဒေသာမိုင်းခွဲပြီးတိုက်ခိုက်တာ။” အရှေ့လူမှုကူညီရေးကားပေါ်မှာ ပါတဲ့ […]

Most Read

2024-09-22 09:41:42