Breaking News >> News >> Democratic Voice of Burma


ပုသိမ်မြို့တွင် မူလတန်းဆရာမအပါအဝင် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး


Link [2022-02-26 15:33:23]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်က  Non – CDM  ဆရာမတဦးအပါဝင် အမျိုးသမီး  ၃ ယောက်ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။  အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ဆုဝတ်ရည်နှင်းကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ် ပါတယ်။ ဒေသခံတဦးက “စစ်တပ်ထောက်ခံတဲ့ ဂရုတွေမှာ သူကို ဖမ်းဖို့ ပုံတွေတင်တာ လိပ်စာပါပါတယ်။ စစ်တပ်မကောင်းကြောင်း ရေးထားတဲ့ ပုံတွေကိုပါ တင်တာ သူက ပုသိမ်မှာ ပထမဆုံးအဖမ်းခံတာပဲ စစ်တပ်မကောင်းကြောင်းရေးတင်လို့ အဖမ်းခံရတာ”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်သားတွေ နေအိမ်မှာလာရောက်ဖမ်းဆီးတာခံခဲ့ရတဲ့ ဆရာမ ဆုဝတ်ရည်နှင်းဟာ အာဏာသိမ်းပြီးနောက်  CDM ပါဝင်ခဲ့ပြီး လပိုင်းအကြာမှာ Non-CDM  […]

Most Read

2024-09-22 09:35:18