Breaking News >> News >> Democratic Voice of Burma


ပုသိမ်တွင် မီးလောင်မှုကြောင့် အိမ်ဆိုင် ၁ ဆိုင် မီးလောင်ဆုံးရှုံး


Link [2022-02-26 15:33:23]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက် ငဝန်ကျွန်းသာ ၄ လမ်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ လမ်းအလယ်လောက်မှာရှိတဲ့ အိမ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘေးအိမ်ကို မီးကူးစက်နေချိန်မှာ မီးသတ်ကားတွေရောက်လာခဲ့လို့ တခြားနေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိခဲ့ဖူးလို့  ဒေသခံတွေက ပြောပါတယ်။  “မီးသတ်ကားလာတာမြန်လို့ စလောင်တဲ့အိမ်က ဆိုင်ဖွင့်ထားတာ ကော်ပစ္စည်းတွေရော အထည်တွေ၊ ကုန်ခြောက်တွေစုနေတော့ လောင်အားကောင်းသွားတာ။ မီးသတ်ကား ၅ စီးလောက်လာပြီး ငြှိမ်းလို့ ထိန်းလိုက်နိုင်တာ၊ ကံကောင်းတာက တိုက် ၂ လုံးကြားမှာ လောင်တာလဲပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ မီးစတင်လောက်ကျွမ်းချိန်မှာ အနောက်ဘက်လမ်းကို မီးကူးတော့မယ့် ပုံစံဖြစ်ပေမဲ့ လူအားနဲ့ မီးသတ်ကားတွေ ဝိုင်းဝန်း […]

Most Read

2024-09-22 09:33:41