Breaking News >> News >> Democratic Voice of Burma


အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာအတွက် ကက်တန်ဂျီ ဘရောင်းဂျက်ဆင်ကို အမည်စာရင်းတင်


Link [2022-02-26 15:33:23]



သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်တရားရုံးချုပ် တရားသူကြီးလစ်လပ်နေရာအတွက် လူမည်း တရားသူကြီး မစ္စကက်တန်ဂျီ ဘရောင်း ဂျက်ဆင်ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဘိုင်ဒင်က “ကျနော်တို့ တရားရုံးတွေဟာ အမေရိကနဲ့မတူတာ အတော်ကြာလှပြီ။ အခု  နိုင်ငံအတွက် ကိုယ်စွမ်းကိုစရှိ ပညာပြည့်ဝ တရားမျှတမှုလိုလားတဲ့ တရားသူကြီးတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့တရားရုံးဖြစ်ဖို့ အချိန်ကျပါပြီ” လို့ ပြောပါတယ်။  ဂျက်ဆင်က သူ့မွေးနေ့ရက်မှာ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးအဖြစ် သမ္မတက ရွေးချယ်တာကို ဝမ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။ ဆီးနိတ်က အတည်ပြုခဲ့ရင် အခြေခံဥပဒေနဲ့ တရားဥပေဒစိုးမိုးမှုတို့ကို ရှေ့တန်းတင်ပြီး အမေရိကန် အနာဂတ် မျိုးဆက်တွေ အားကျလောက်အောင် ပေးဆပ်စွမ်းဆောင်ချင်ကြောင်း ဂျက်ဆင်က ပြောပါတယ်။    အမေရိကန်ဖက်ဒရယ်တရားရုံးတော်မှာ လက်ရှိ တရားသူကြီး ၉ ပါးထိုင်ပြီး ၃ ဦးက အမျိုးသမီးတွေပါ။  […]

Most Read

2024-09-22 09:25:59