Breaking News >> News >> Democratic Voice of Burma


ယူကရိန်းကို အပြည့်အဝကာကွယ်မည်ဟု နေတိုးအဖွဲ့အကြီးအကဲပြော


Link [2022-02-26 15:33:23]



ရုရှားမစ်ဇိုင်းဒုံးကျည်တွေ ယူကရိန်းမြို့တော်ကိယက်ဗ်ကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိ နေတိုးအဖွဲ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အများစုက ဗွီဒီယိုကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုတန်ဘတ်ဂ်က “ဖင်လန်၊ ဆွီဒင်နဲ့ ဥရောပသမဂ္ဂနိုင်ငံမှ ခေါင်းဆောင်တွေကို ပြောချင်တာက ရုရှားဟာ ဥရောပတိုက်ရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့ပါပြီ။ လပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့ သံတမန်ရေးအဖြေရှာမှုတွေ ပြီးဆုံးသွားပါပြီ။ မော်စကိုဟာ သွေးအေးအေးနဲ့ ရေရှည်စီမံချက်ချ ကျူးကျော်တာပါ။ ကျနော်တို့ ယူကရိန်းပြည်သူတွေနဲ့ အတူရပ်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှုနဲ့ မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်တွေကို ကျနော်တို့ အပြည့်အဝ ကူညီသွားပါမယ်” လို့ ပြောခဲ့ပါတယ်။

Most Read

2024-09-22 09:31:59