Breaking News >> News >> Democratic Voice of Burma


လေကြောင်းဗုံးကြဲမှုကို စိုးရိမ်သဖြင့်ပူတာအို၊ လုံရှာယန်ကျေးရွာသားများ ရွာလုံးကျွတ် တိမ်းရှောင်


Link [2022-02-26 11:21:20]



ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာက ပြည်သူတွေဟာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် တောတောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ ရွာသားတွေထံက သိရပါတယ်။ ဖေဖော်ဝါရီ ၁၅  ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတချို့က တောတောင်တွေထဲမှာ တိမ်းရှောင်နေခဲ့ပေမဲ့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီး တစ်ရွာလုံးတောတောင်တွေမှာ တိမ်းရှောင်နေကြရတာပါ။ တိုက်ပွဲရှောင် ဒေသခံရွာသား တဦးက “တိုက်ပွဲစဖြစ်တော့ တချို့တွေပဲပြေးကြတာ၊ တောထဲမှာနေလိုက် တိုက်ပွဲမဖြစ်ရင် အိမ်ပြန်လာလိုက်ပေါ့။ အခုတော့ တစ်ရွာလုံး တောထဲမှာ ပုန်းနေကြတယ်။ သတင်းတွေအမျိုးမျိုးကြားလို့ပေါ့။  လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်မှာကြောက်လို့ ဟုတ်တယ်။ စစ်တပ်က တချို့လူတွေကို ရှောင်ခိုင်းသလို၊ အလံဖြူတွေထောင်ဖို့ ပြောသံတွေကော ကြားတယ်။ သတင်းက အမျိုးမျိုးပဲ၊ အဲတာကြောင့် ရှောင်နေကြတာ”လို့ ပြောပါတယ်။ လုံရှာယန်က ပြည်သူတွေထဲက […]

Most Read

2024-09-22 11:53:44