Breaking News >> News >> Democratic Voice of Burma


ပြည်မြို့က လူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်


Link [2022-02-26 11:21:20]



ပဲခူးတိုင်း ပြည်မြို့မှာ ဖေဖော်ဝါရီ  ၂၅ ရက်နေ့က “ကျေးလက် ပုံကန် မြို့ပြဖီဆန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေသခံလူငယ်တွေက မြို့လယ် ဗိုလ်ချုပ်မြင်းစီး ရုပ်တုနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ စစ်အာဏာဆန့်ကျင်ရေး ဆိုင်းဘုတ်တွေ လိုက်လံချိတ်ဆွဲကြပြီး ဒေသခံလူထုကို လှုံ့ဆော်ခဲ့ကြတယ်လို့ ပြည်မြို့ခံ တယောက်က ပြောပါတယ်။ ပြည်သူတွေနဲ့အတူ တော်လှန်ရေးသမားတွေရှိနေတာမို့ မြို့နေလူထုအနေနဲ့ တော်လှန်ရေးသမားတွေကို ကူညီကြဖို့နဲ့ မြို့ပြလူထုသွေးမအေးသွားစေဖို့ ရည်ရွယ်ပြုလုပ်တာလို့ Shadow(Pyay Defense) အဖွဲ့ ဦးဆောင်သူတယောက်က ပြောပါတယ်။ ဆိုင်းဘုတ်၊ ဘန်နာတွေကို အခုလိုလိုက်လံ ချိတ်ဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့လယ်ခေါင်အဓိနေရာတွေမှာ ရှိနေတဲ့ အိမ်တွေက CCTV တွေကိုလိုက်လံစစ်ဆေးကြည့်ရှုတာတွေ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေ၊ ဖုန်းတွေ စစ်ဆေးနေတာတွေ ခပ်ကြမ်းကြမ်းလုပ်နေပြီး လူငယ်တွေဆို ပိုစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အခုလှုပ်ရှားမှုကို […]

Most Read

2024-09-21 18:15:20