Breaking News >> News >> Democratic Voice of Burma


ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းနှင့်အတူ လိုက်ပါနိုင်ရန် အဂွဲရိုး ဆွေးနွေးမည်


Link [2022-02-20 07:53:02]



အာဂျင်တီးနားတိုက်စစ်မှူးဟောင်း အဂွဲရိုးဟာ လာမယ့်ကမ္ဘာ့ဖလားမှာ လက်ရွေးစင်အသင်းနဲ့အတူ လိုက်ပါနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတော့မှာပါ။  အဂွဲရိုးဟာ ဘာစီလိုနာမှာ ကစားရင်းကနေ နှလုံးပြဿနာကြောင့် ကစားသမားဘဝကနေ အချိန်မတိုင်ခင် အနားယူခဲ့ရတာပါ။  အဂွဲရိုးဟာ ကစားသမားတစ်ဦးအနေနဲ့ ကမ္ဘာ့ဖလားကစားလို့ မရတော့ပေမယ့်လည်း လက်ရွေးစင်အသင်းမှာ နည်းပြအဖွဲ့ဝင် ဒါမှမဟုတ် ရာထူးတစ်ခုခု ရယူပြီး ကမ္ဘာ့ဖလားကို အသင်းနဲ့အတူ လိုက်ပါနိုင်ဖို့ ရှိပါတယ်။  ဘယ်လိုရာထူးမျိုးနဲ့ တာဝန်ယူမလဲဆိုတာကတော့ အသင်းနည်းပြ စကယ်လိုနီ၊ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ တာပီယာ တို့နဲ့ အခုတစ်ပတ်ထဲမှာ ဆွေးနွေးမှာဖြစ်ပါတယ်။  အဲဒီသတင်းကို အဂွဲရိုး ကိုယ်တိုင်ကလည်း အတည်ပြုခဲ့ပြီး ကမ္ဘာ့ဖလားမှာ ဘယ်လိုရာထူးနဲ့ လိုက်ပါမလဲဆိုတာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။  “ကမ္ဘာ့ဖလားမှာ အသင်းနဲ့အတူရှိချင်ပါတယ်။ ကျနော့်စိတ်ကူးက အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်တာပါ။ နည်းပြ စကယ်လိုနီနဲ့ ဥက္ကဋ္ဌ တပီယာတို့နဲ့လည်း […]

Most Read

2024-09-22 11:48:35