Breaking News >> News >> Democratic Voice of Burma


ကိုဗစ်လူနာသစ် ၃၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန်တင်တွေ့၊ စုစုပေါင်း ၅၆၀,၀၀၀ ကျော်လာ


Link [2022-02-20 07:53:02]



မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန် တင် တွေ့ရှိခဲ့ပြီးနောက်မှာ ကူးစက်ခံရသူပေါင်း ၅၆၂,၃၆၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရောဂါကူးစက်မှု ရာဂဏန်းသာ ရှိခဲ့ရာကနေ စံချိန် တင် ၁၂ ရက်ဆက်တိုက် ထောင်ချီတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ကူးစက်မှုအသစ် ၃,၀၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက  ရောဂါကူးစက်ခံရသူပေါင်း ၈၃၃ ယောက်နဲ့ အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရော ဂါကူးစက်မှု တိကျတဲ့ […]

Most Read

2024-09-22 11:58:14