Breaking News >> News >> Democratic Voice of Burma


ယူကရိန်းအရှေ့ဘက်မြို့တမြို့ကို ရုရှားနောက်ခံခွဲထွက်ရေးများ ထိန်းချုပ်


Link [2022-02-20 07:53:02]



ယူကရိန်းနိုင်ငံအရှေ့ဘက် ဒိုးနက်စ်မြို့တဝိုက်ကို ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးအုပ်စုတွေ ဝိုင်းပတ်ထိန်းချုပ်ထားပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်က ဒေသခံအတော်များများဟာ ဘတ်စ်ကားတွေနဲ့ ရုရှားကို ဦးတည် ထွက်ခွာခဲ့ကြပါတယ်။  ယူကရိန်းမှ ခွဲထွက်ရေးသူပုန်အုပ်စုက ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR) ထူထောင်ဖို့ ကြေညာထားပြီး လက်ရှိ လူ ၇ သိန်းလောက် ဒိုးနက်စ်က်နေ စွန့်ခွာဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။  ဒိုးနက်စ်မှာ နေထိုင်သူအများစုက ရုရှားဘာသာစကားပြောဆိုသူတွေဖြစ်ပြီး အများစုက ရုရှားနိုင်ငံသားဖြစ်ခွင့် ရပြီးသူတွေပါ။  ယူကရိန်းအစိုးရကတော့ DPR အုပ်စုတွေဟာ ခွဲထွက်လိုသူတွေမဟုတ်ဘူး၊ ရုရှားရဲ့ ကြိုးကိုင်ချယ်လှယ်မှု ခံထားရသူတွေလို့ ပြောပါတယ်။ ပူတင်အစိုးရကတော့ ယူကရိန်းရဲ့ နှိပ်စက်မှုကြောင့် ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

Most Read

2024-09-22 11:45:14