Breaking News >> News >> Democratic Voice of Burma


စစ်တပ်ဝင်လာသဖြင့် ကနီမြို့နယ်က ဒေသခံထောင်ချီ ထွက်ပြေး


Link [2022-02-20 01:32:49]



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ခင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ၇၀၀၀‌ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွာကိုဝင်လာတဲ့ စစ်တပ်ဟာ ဘုတလင်မြို့နယ် ရေဘုတလင် မြသိန်းတန်ဘုရားကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ဖြစ်တယ်လို့လည်း သိရပါတယ်။ “အင်အား ၆၀ ကျော်လောက်ရှိမယ်။ ရွာကလူတွေကတော့ အကုန်ထွက်ပြေးနေကြတယ်။ မနေညကလည်း ဘုတလင်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်လို့  ရွာက လူနေအိမ်တစ်လုံးမီး လောင်သွားတယ်”လို့ ဒေသခံခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က ချိုင်ရွာကို ဝင်ရောက်ခဲ့တာကြောင့် ချိုင်အုပ်စုမှာပါတဲ့ ချိုင်ကျေးရွာ၊ ဒင်ပေါက်ကျေးရွာ ၊ သရက်ပင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။ ချိုင်ကျေးရွာနဲ့ ဒင်ပေါက်ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး သရက်ပက်ကျေးရွာဟာ အိမ်ခြေ […]

Most Read

2024-09-22 11:50:49