Breaking News >> News >> Democratic Voice of Burma


မိုးမောက်တွင် စစ်တပ်ရှေ့ ဆိုင်ကယ်ဖြတ်စီးလာသူ ၂ ဦး ပစ်သတ်ခံရ


Link [2022-02-20 01:32:49]



ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ   ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက စစ်ကောင်စီတပ်ရင်း  ၄၃၇  ရှေ့က ဖြတ်သန်းသွားတဲ့ အမျိုးသား နှစ်ယောက်ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သေဆုံးသွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ “ည ၉ နာရီလောက်မှာ တပ်ရင်းရှေ့ဖြတ်လာလို့ စစ်တပ်က ရပ်ခိုင်းတယ်။ သူတို့ကလည်း ဆိုင်ကယ်မရပ်ဘဲ ဆက်မောင်းသွားတယ်။ အဲဒါနဲ့ တပ်ရင်းရှေ့ကနေ လှမ်းပစ်တယ်။ နှစ်ယောက်လုံး သေတယ်” လို့ တပ်ရင်းအနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။ မိုးမောက်မြို့နယ်မှာ သြဂုတ် ၁ ရက်ညပိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက်နဲ့အတူ အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံပွဲက ပြန်လာတဲ့ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဟာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

Most Read

2024-09-22 11:36:46