Breaking News >> News >> Democratic Voice of Burma


ဒီပဲယင်းမြို့နယ် ကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး၊ ပစ္စည်းခိုးယူ


Link [2022-02-20 01:32:49]



စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက် ဒီမနက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေက ဝပါ-သပြေသာကျေးရွာတို့ကို တဖွဲ့၊ ယင်းတွေရွာကို တဖွဲ့ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဲသည်ရွာကိုဝင်ပြီး လက်နက်ကြီးနဲ့ပစ်တယ်။ ရွာသားတွေကထွက်ပြေးကြတော့ အိမ်တွေကိုဝင်တယ်။ ဆန်နဲ့ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီနေ့ဝင်လာတဲ့ အကြမ်းဖက်စစ်တပ်တဖွဲ့မှာ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပါလာတယ်လို့လည်း ဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ ဒီပဲယင်းမြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီအဖွဲ့ဝင်တယောက်ရဲ့ နေအိမ်ကို […]

Most Read

2024-09-22 11:51:08