Breaking News >> News >> Democratic Voice of Burma


ဒိုက်ဦးမြို့နယ်၌ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ


Link [2022-02-19 06:33:14]



ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး-ညောင်ခါးရှည်လမ်းမကြီး မိုင်တိုင် ၈ နဲ့ ၉ ကြား မြစ်ကျိုးအနောက်စုတံတားဂိတ်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဂိတ်မှာရှိတဲ့ ရဲ ၄ ယောက် နဲ့ စစ်သား ၂ ယောက်အနီးမှာ ဗုံးပေါက်ကွဲသွားပြီး တယောက် ဗိုက်ပွင့် သေဆုံးကာ ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို  ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒိုက်ဦးမြို့ပေါ် အမှတ် ၇ ရပ်ကွက်ရုံးအနီး ဗုံးတလုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။

Most Read

2024-09-22 11:52:29