Breaking News >> News >> Democratic Voice of Burma


ဂရိနှင့် အီတလီကြားပြေးဆွဲနေသည့် ကူးတို့ မီးလောင်


Link [2022-02-19 06:33:14]



ဂရိနိုင်ငံနဲ့ အီတလီနိုင်ငံအကြား ရွက်လွှင့်နေတဲ့ ကူးတို့ ရေယာဉ်တစီးဟာ ဖေဖော်ဝါရီ ၁၈ ရက် အစောပိုင်းက မီးလောင်ခဲ့အပြီး လူ ၂ ယောက် ပိတ်မိနေတယ်လို့ ဂရိကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။  တခြား ခရီးသည်တွေနဲ့ ကူးတို့ ရေယာဉ်ပေါ်က ဝန်ထမ်းတွေကိုတော့ ကယ်ဆယ်ပြီးပါပြီ။ လူ ၁၀ ယောက်ထက် မနည်း ပျောက်နေတယ်လို့ ဂရိမီဒီယာတွေက ဖော်ပြပေမဲ့ ဒီသတင်းကို အာဏာပိုင်တွေက အတည်မပြုရသေးပါဘူး။  အီတလီအလံ လွှင့်ထားတဲ့ ယူရိုဖယ်ရီ အိုလံပီယာ ကူးတို့ယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ယောက်နဲ့ ဝန်ထမ်း ၅၁ ယောက်ပါပြီး အများစုကို ကူးတို့ယာဉ်ပေါ်ကနေ ကယ်ဆယ်ရေး သင်္ဘောတွေ ပေါ် လွှဲပေးပြီး ကော်ဖှူကျွန်း ဆိပ်ကမ်းဆီ သယ်သွားပြီးပြီလို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဆိပ်ကမ်းမှာတော့ […]

Most Read

2024-09-22 11:56:17