Breaking News >> News >> Democratic Voice of Burma


ယူးနစ်စ်မုန်တိုင်း အင်္ဂလန်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်


Link [2022-02-19 06:33:14]



ယူးနစ်စ်မုန်တိုင်းက ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် ကွန်းဝေါမြို့ကနေ ဖေဖော်ဝါရီ ၁၈ ရက်က ကုန်းတွင်း ဝင်ရောက်ခဲ့လို့ ကမ်းရိုးတန်းကို လှိုင်းတွေ ရိုက်ခတ်နေပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာထဲက မုန်တိုင်းဟာ အိုင်ယာလန်နဲ့ အင်္ဂလန်နယ်တွေကို တနာရီလေတိုက်နှုန်း မိုင် ၁၀၀ နဲ့ တိုက်ခတ်နေပါတယ်။  ဒါကြောင့် လန်ဒန်မှာ အိမ်ခေါင်မိုးတွေ ပျက်စီးတာ၊ အပျက်အစီးများတာအပြင် အနှောင့်အယှက်တွေ သိသိသာသာ ဖြစ်နိုင်တယ်လို့ ဗြိတိန် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန် ထားပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းကနေစခဲ့တဲ့ ယူးနစ်စ်မုန်တိုင်းဟာ လေစီးကြောင်းနဲ့အတူ ဥရောပဆီကို ရောက်လာပြီး အသက်အန္တရာယ်ရှိတဲ့ အစွန်းရောက် လေတိုက်နှုန်းနဲ့ တိုက်ခတ်ခဲ့တယ်လို့ ဗြိတိန် မိုးလေဝသဌာန အရာရှိက ပြောပါတယ်။

Most Read

2024-09-22 11:53:15