Breaking News >> News >> Democratic Voice of Burma


အိန္ဒိယနှင့် ယူအေအီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ထိုး


Link [2022-02-19 06:33:14]



အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့အကြား ကျယ်ပြန့်စွာဆောင်ရွက်မယ့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကို ဖေဖော်ဝါရီ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။  ၅ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထက် ကျော်လွန်ဖို့ ကုန်ပစ္စည်းအားလုံး  စည်းကြပ်အခွန်လွတ်ကင်းရေးကို ဦးတည်မှု ပါဝင်ပါတယ်။ လက်မှတ်ထိုးပွဲ အခမ်းအနားကို အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ယူအေအီးသမ္မတ အလ်နာဟာယန်း တို့ကိုယ်တိုင် တက်ရောက်ခဲ့တာပါ။  The Comprehensive Economic Partnership Agreement (CEPA) စာချုပ်မှာ လာမယ့် ၃ နှစ်ကနေ ၅ နှစ်အတွင်း ‌နှစ်နိုင်ငံကြား ရေနံမဟုတ်တဲ့ကုန်ပစ္စည်း ဒေါ်လာ ၄၅ ဘီလီယံကနေ ဒေါ်လာ ၁၀၀ ဘီလီယံအထိ ကုန်သွယ်ဖို့ သဘောတူထားပါတယ်။  ယူအေအီး နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး […]

Most Read

2024-09-22 11:43:28