Breaking News >> News >> Democratic Voice of Burma


အာဖဂန်၌ ရေတွင်းထဲပြုတ်ကျနေသည့်ကလေးငယ် ၃ ရက်အကြာတွင် သေဆုံး


Link [2022-02-19 06:33:14]



အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ ရေတွင်းတခုထဲပြုတ်ကျနေတဲ့ကလေးကို အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းကယ်ဆယ်ဖို့ ကြိုးစားပေမဲ့ ၃ ရက်အကြာမှာ ကလေး သေဆုံးခဲ့ပါတယ်။  အသက် ၅ နှစ်ရှိ  ကလေးငယ်ဟာ စားစရာလှည့်လည်ရောင်းရင်း ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ရေတွင်းထဲ ပြုတ်ကျခဲ့တာပါ။  ဒေသခံတွေ ဝိုင်းဝန်းကယ်ဆယ်ပေမဲ့ ရေတွင်းထဲမှာ ညပ်နေတာကြောင့် အသက်ဆုံးရှုံးခဲ့တာပါ။ အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂကလေးများအဖွဲ့နဲ့ UNICEF တို့က ကယ်ဆယ်ရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း တွစ်တာပေါ်မှာ ရေးထားပါတယ်။ ဒီလအစောပိုင်း မော်ရိုကိုနိုင်ငံမြောက်ဘက်မှာ အသက် ၅ နှစ် ကလေးငယ်တဦး ရေတွင်းထဲပြုတ်ကျပြီး ၅ ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။  ဖေဖော်ဝါရီ ၁၇ ရက်က အိန္ဒိယမြောက်ပိုင်း မင်္ဂလာဆောင်တခုမှာလည်း ရေတွင်းအဖုံးပေါ် တက်ထိုင်သူ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ၁၃ ဦး […]

Most Read

2024-09-22 11:58:53