Breaking News >> News >> Democratic Voice of Burma


ဖားကန့်တွင် နွံကန်ပေါက်ပြီး မြေစာပုံပြိုကျ၊ ၂ ဦး သေဆုံး


Link [2022-02-18 18:54:42]



ကချင်ပြည်နယ် ဖားကန့်မြို့နယ်  မနမှော်မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်ပိုင်းက နွံကန်ပေါက်ပြီး မြေစာပုံပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနမှော်မှာရှိတဲ့  ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းက  နွံကန်ပေါက်ကျပြီး မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးမျှောပါ သေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေ ပြောပါတယ္။ “မနက် ၇ နာရီလောက်မှာ နွံကန်ပေါက်ပြီး မြေစာပုံပြိုကျသွားတယ်။ ရေမဆေးကျောက်ရှာနေတဲ့သူတွေရှိနေတုန်း နွံကန်ပြိုပြီး  ရေတိုက်စားသွားတဲ့အတွက် ရေမဆေးသမားတွေ ရေထဲမျောပါသေဆုံးကုန်တယ်။  ခုလောလောဆယ်တော့ ရုပ်အလောင်း နှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးကို ဆေးရုံပို့ထားတယ်” လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာတွေ နွံကန်ပေါက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ […]

Most Read

2024-09-22 11:41:40